စင်ကာပူ မှ အိမ်ပိုင်ရှင်များ အိမ်ခန်းပြန်ငှားရန် သိသင့်သည့် အချက်များ


စင်ကာပူမှာ အိမ်ဝယ်ပြီးတဲ့လူတိုင်းလိုလို အိမ်ခန်းတွေကို ပြန်ငှားကြတာ ထုံးစံလိုလိုပါဘဲ။ အဲဒီလိုပြန်ငှားတဲ့ အခါ စင်ကာပူ အိုးအိမ်ဖွံဖြိုးတည်ဆောက်ရေးအဖွဲ့ (HDB) ရဲ့ စည်းကမ်းချက်လေးတွေ သိရှိရအောင်လို့ ပြန်လည်မျှဝေရခြင်းဖြစ်ပါတယ်။ စည်းကမ်းချက် ၈ ချက်ရှိပါတယ်။ အဲဒါတွေက တော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

              
၁. အိမ်ခန်းငှားခွင့် ရှိ၊မရှိ (အိမ်ရှင်)

၂. အများဆုံးငှားနိုင်ခွင့် အခန်းအရေအတွက်

၃. အိမ်ခန်းငှားခွင့် ရှိ၊မရှိ (အိမ်ငှား)

၎. အိမ်ငှားခွင့်ကို မှတ်ပုံတင်ခြင်း

၅. အိပ်ခန်း ငှားခွင့် ကာလ

၆. အိမ်ငှားခွင့် စည်းကမ်းချက်များ

၇. အွန်လိုင်းမှာ မှတ်ပုံတင်ခြင်း တို့ဖြစ်ပါတယ်။



Read More ->>

ကင်ပွန်းကြီးဆယ်ပါး ကန်တော့ခြင်း




 
တရား အားထုတ်တော့မယ် လို့စိတ်ဆုံးဖြတ်ပြီးတဲ့ လူတိုင်းလိုလို ထိုကင်ပွန်းကြီး ဆယ်ပါး ကို နေ့စဉ်နေ့တိုင်းလိုလို ရွတ်ဖတ်သင့်ပါတယ်။  ဘာလို့လဲဆိုတော့ ကိုယ်တရား အားထုတ်တဲ့ အခါ မဂ်ဥာဏ် ဖိုဥာဏ် ပေါ်ခါနီးလေးမှာဘဲ  အမှတ်တွေဟာ လျော့ကျသွားတတ်တယ်။ လမ်းလွဲသွားတတ်ပါတယ။် အဲဒါ ဟာ ကံတွေကြောင့်ဖြစ်တတ်ပါတယ်၊ ယခုပစ္စုပါန် ဘ၀မှာ မပစ်မှားခဲ့သော်လည်းဘဲ ဟိုး ကိုယ်မမြင်ရတဲ့ အတိတ်ကာလမှာ ပစ်မှားခဲ့ရင်လည်း အဲဒါဟာ ဒီဘ၀မှာလာပြီး အကျိုးသက်ရောက် စေပါတယ်။ ဒါကြောင့် ကိုယ်မှားခဲ့ရင်လည်း ကိုယ်အားထုတ်တဲ့တရား ကိုမထိခိုက်အောင် ကိုယ့်ဘက် က၀န်ချတောင်းပန် ကန်တော့သင့်ပါတယ်။ ထိုကင်ပွန်းကြီး ဆယ်ပါးကို ကန်တော့ရန် ဆရာတော်ဘုရားတော်တော်များများ ကသင်ကြားပေးကြပါတယ်။ ထိုအထဲကမှ မြောက်ဦးဆရာတော် ရဲ့ ကင်ပွန်းကြီးဆယ်ပါးကန်တော့ခန်းကို မျှဝေလိုက်ပါတယ်။ 
Read More ->>

မတ်လ မှာ မွေးဖွားသော သူများအတွက်



ဒီတစ်ခါ ကိုယ်ရေးချင်တာ ကတော့ လအလိုက် မွေးနေ့ရှင်တွေရဲ့ ထူးခြားတဲ့လက္ခဏာ တွေပါဘဲ။ ဒီ ပို့စ် လေးကို လစဉ် ၁ ရက်နေ့ သို့မဟုတ် လကုန် ရက်တွေမှာ ရေးသားသွားမှာ ဖြစ်ပါတယ်။ ၁ နှစ်ပြည့်တဲ့ အထိပေါ့။

Read More ->>

ဖြစ်ပျက်ခဲ့ သော နှင့် ရည်ရွယ်ထားသော (အတိတ် နှင့် အနာဂတ်)


ကိုယ် ဒီပို့စ် လေးမှာ ကိုယ် အတိတ်မှာ ဖြစ်ပျက် ခဲ့တာတွေ နဲ့ အနာဂတ် အတွက် ကိုယ်ရည်ရွယ်ထားတဲ့ အရာလေးတွေကို ချရေးချင်ပါတယ်။
ကိုယ် အသက် က ဒီ April ဆိုရင် ၃၂ နှစ်ပြည့်လို့ ၃၃ ထဲကို ချဉ်းနင်းဝင်ရောက် ပါတော့မည်။ ဒီစင်ကာပူ မှာ စပြီးနေထိုင်ခဲ့တာ ဒီနှစ် February ဆိုရင် ၇ နှစ် တင်းတင်းပြည့်ခဲ့ပြီ။ အချိန်တွေရယ် အကုန်မြန်ပါဘိနှယ်။ ကိုယ်မှတ်မိပါသေးသည်။ ကိုယ် ဒီစင်ကာပူကို စရောက်လာ တုန်းကပေါ့။

Read More ->>

Happy New Year 2013!!!!!!!

ဒီနေ့ ၂၀၁၂ ကုန်ဆုံးလို့ ၂၀၁၃ ကို ကူးပြောင်းဖို့ အားယူနေတဲ့ နေ့လေးတစ်နေ့ပေါ့။  ဟိုအရင်နေ့ တွေကလို မိုးကောင်းကင်ကြီးဟာ တိမ်လွှာစိုင်တွေနဲ့ ပိန်းပိတ်မနေအောင် နေမင်းကြီးက အစွမ်းကုန် လင်းလက်တောက်ပနေပါတယ်။ လေညှင်းလေးတွေကလည်း  နေမင်းရဲ့ အရှိန်ကြောင့် နွေးနွေးလေးဖြစ်ကာ ကိုယ့်ကို  ညင်သာစွာ ထိကပါး ရိကပါးနဲ့ လှုပ်ရှားသွားလာနေကြတယ်။

ကိုယ်… ၂၀၁၂ မှာ ဘာတွေ ဆိုးတာတွေလုပ်ခဲ့သလဲ။ ကောင်းတာတွေရော ဘာတွေလုပ်ခဲ့သလဲ။ ပြန်စဉ်းစားပြီး ကိုယ့်ရဲ့ အခါပေါင်းများစွာ မှာ ထိတွေ့နေမိတဲ့ ဒီ blog လေးပေါ်မှာ စာတစ်ပုဒ် အနေနဲ့ချရေးမိတယ်။

Read More ->>

လက်ဆောင်များ

ကျွန်မ ငယ်ငယ်လေးထဲ ကနှစ်သက်ခဲ့ရတဲ့ အကျင့်တစ်ခုက လက်ဆောင်ပေးရခြင်း နှင့် လက်ဆောင်ရယူခြင်းပါ။ အဲဒီ လက်ဆောင်တွေထဲကမှ ကျွန်မဘ၀မှာ မှတ်မှတ်ရရ ရရှိခဲ့ဖူးတဲ့ လက်ဆောင်လေးတွေ အကြောင်း ပြောပြချင်ပါတယ်။

ကျွန်မ ရဲ့ ဖေဖေ နဲ့မေမေ က ကျွန်မရဲ့ မွေးနေ့ ရောက်တိုင်းမှာ ကျွန်မ ကို လက်ဆောင်လေးတွေ ကို ပေးလေ့ရှိပါတယ်။

Read More ->>

ချစ်ရပါသောမောင်

ကျွန်မ ဘ၀မှာ ဒီနေ့ဟာ ၀မ်းအနည်းဆုံးနေ့တစ်နေ့ပါ။ ကျွန်မ သိပ်ချစ်ရတဲ့ သူက ကျွန်မနဲ့ အဝေးဆုံးကို ထွက်ပြေးသွားတော့မယ်လို့ ပြောတဲ့နေ့တစ်နေ့ပေါ့။ သူနဲ့ ကျွန်မနဲ့ အိမ်ထောင်သက် ၅ နှစ်မှာ သူဆီက မထင်မှတ်ထားတဲ့ စကားတစ်ခွန်းကို ကျွန်မ ကြားခဲ့ရတယ်။ ကျွန်မ အရမ်းဝမ်းနည်းခဲ့ရပါတယ်။ ကျွန်မတို့နှစ်ယောက် ကိုယ်ပိုင် ဆုံးဖြတ်ချက်နဲ့ ကိုယ်တိုင် တည်ဆောက်လာတဲ့ အဆောက်အအုံလေးကို ကျွန်မတကယ် မပျက်စီးစေချင်ပါဘူး။ ကျွန်မတို့ နှစ်ယောက်ရေးခဲ့ကြတဲ့ ကျွန်မတို့နှစ်ယောက်ရဲ့ ကမ္ဘာလေးတစ်ခု ပျက်စီးသွားမှာ မလိုလားဆုံး လူသားဟာ ကျွန်မဘဲဖြစ်ပါတယ်။

Read More ->>

အချစ်ဦး ၊ အချစ်စ ၊ အချစ်လယ်၊ အချစ်ဆုံး။


အချစ် ၁။

မမ တစ်ယောက်အိပ်ရာ မှ နိုးထတာနဲ့ အရင်နေ့ ကနဲ့ မတူဘဲ ကျောင်းသွားဖို့ လန်းဆန်းပြီး တက်ကြွနေတယ်။ တစ်သက်လုံး မှာ ကျောင်းသွားဖို့ တက်တက်ကြွကြွပြင်ဆင်တာ ဒီနေ့ တစ်နေ့ဘဲ ရှိတယ်။ အရင်နေ့တွေတုန်းကဆိုရင် မေမေလာနှိုးတာတောင် ၁၅ မိနစ်လောက် အိပ်ရာထဲမှာ ထပ်ကွေးတတ်တဲ့ မမတစ်ယောက် ဒီနေ့တော့ alarm မြည်တာနဲ့ ချက်ချင်း အိပ်ရာထ စောင်တွေ ခေါက်ပြီး ရေချိုးခန်းတန်းပြေးပြီး ရေမိုးချိုး ခေါင်းလျှော် နဲ့ အိမ်ကလူ တွေတောင် မမကို မမြင်စဖူး အထူးတဆန်းဖြစ်နေကြတယ်။ မမ ဘာကြောင့် ဒီလိုဖြစ်နေတာ ဆိုတာတော့ အိမ်ကလူတွေကတော့ မသိကြဘူးပေါ့။ မမ ရင်ထဲမှာတော့ သိမ့်သိမ့်လေး တုန်လို့ နေပါတယ်။
Read More ->>

တန်ဖိုး

တန်ဖိုးတဲ့ …. လေးဖြူဆိုထားတဲ့ သီချင်းလေး တစ်ပုဒ်ပါ။

ကုန်လွန်သွားတဲ့ အချိန်တွေကို ပြန်လည်မရတောတဲ့ အကြောင်း။

အချိန်ကို အကျိုးရှိအောင် သုံးသင့်ကြောင်း စပ်ထားတဲ့ သီချင်းလေးတစ်ပုဒ်ပါ။

စင်ကာပူမှာ ရိုက်ထားတဲ့ VCD ကောင်းတစ်ပုဒ်ပါ။


Read More ->>

အိမ်ထောင်ရေး နဲ့ ပညာရေး

ကိုယ် ဒီပို့စ်ကို ရေးချင်နေတာ ကြာပါပြီ။ ဒါပေမယ့် အချိန်မရှိတဲ့ အတွက် ရေးဖို့ နှောင့်နှေး သွားရတာပါ။

ကိုယ် ဒီပို့စ်မရေးခင်မှာ ကိုယ့်အကြောင်းလေးနည်းနည်း ပြောပါရစေ။ ကိုယ်က ဒီစင်ကာပူနိုင်ငံကို ၂၀၀၆ ခုနှစ် မှာ ရောက်ပါတယ်။ ၂၀၀၆ ခုနှစ် သြဂုတ်လမှာ ကိုယ် ဒီနိုင်ငံက ဘွဲ့လွန် ဒီပလိုမာတစ်ခု တက်ပါတယ်။ ၂၀၀၇ ခုနှစ် မှာ အလယ်အလတ် အဆင့်နဲ့ အောင်ခဲ့ပါတယ်။ ပြီးတော့ ကိုယ် ၂၀၀၈ ခုနှစ် စက်တင်ဘာလမှာ ကိုယ့်လက်တွဲဖော်နဲ့ ဘ၀တိုက်ပွဲ မှန်သမျှကို ရင်ဆိုင်ဖို့ နှစ်ဖက်မိဘတွေရဲ့ သဘောတူညီချက်နဲ့ အညီ နှစ်ဖက်သော အစ်မများကို အသိသက်သေနေရာမှာ ထားပြီး လက်မှတ်ထိုးခဲ့ကြပါတယ်။ ကိုယ်တို့နှစ်ယောက် တူတူစပြီးနေခဲ့တာကတော့ ၂၀၀၉ မတ်လမှပါ။ အဲဒီ ထဲက ကိုယ့်ရဲ့ အားလပ်ချိန် တစ်ဝက်နီးပါးလောက်ဟာ သူ့ထံကိုပေးအပ်လိုက်ပါတယ်။ သူ့ဘက်ကို ကြည့်ရင်လည်း အဲဒီအတိုင်းပါဘဲ။ ဒါကတော့ အိမ်ထောင်ရှင်တိုင်းလိုလို သိပါတယ်။
Read More ->>

တုတ်ကြမယ်ဟေ့....အတင်း/သတင်း



ကဲ…ဒီတခါတော့ တို့များ မိန်းကလေးပီပီ အတင်းတုတ်လိုက်ကြရအောင်။
ဒီထဲမှာ ပါဝင်ဆင်နွှဲ တုတ်လို့ရတာကတော့ စင်ကာပူက လူငယ် လူကြီး လူလတ်မရွေးဘဲဖြစ်ပါတယ်။ ဘာလို့လည်းဆိုတော့ စင်ကာပူ ကမြန်မာဆိုင်တွေ အကြောင်းအတင်းတုတ် အဲ သတင်းထုတ်မလို့ ပါဘဲ။

အဟမ်း…အဟမ်း…. ကမ္ဘာကြီးက ရွာကြီးတရွာဆိုရင် စင်ကာပူနဲ့ မြန်မာကတော့ တံတားလေးဘဲ ခြားတဲ့ ဘေးချင်းကပ် ရွာလေး နှစ်ရွာ ပေါ့နော်။ မြန်မာ တွေတော်တော်များ များ စင်ကာပူကို အခြေချ လာတဲ့ နဲ့ အမျှ little Myanmar လို့ခေါ်တွင်တဲ့ Pennisula Plaza ကြီှးမှာလည်း သူ့ထက်ငါ အလုအယက် ဆိုင်လေးတွေဖွင့်လာ လိုက်ကြတာ ခုဆိုရင် ဆိုင်ခန်း တစ်ခန်း ထဲတောင်မှ နှစ်ခန်းခွဲ ငှား၊ ခွဲပြီးသားတခန်းကို လည်း အရှေ့ကို ဖုံးကဒ် သို့ ကွမ်းယာဆိုင်ကို ငှား အနောက်ကို ရုံးခန်း တခုကို ငှားနဲ့ တစ်ဆိုင်ထဲကို owner လေးယောက်လောက် ရှိတဲ့ အထိကို များပြားလာပါတယ်။ အဲလို များပြားလာတဲ့ အတွက် ကိုယ်တို့ အတွက်လည်း အတင်းတုတ်စရာတွေ များ ပြားလာတာပေါ့နော်။ အတင်းတုတ်ရုံတင် မဟုတ်ပါဘူး။ အကောင်းနဲ့ အဆိုး ဒွန်တွဲနေတာလေး တွေလည်း ဖော်ပြချင်လို့ပါ။

ပထမဆုံး စားသောက်ဆိုင်တွေနဲ့ စလိုက်ရအောင်။

Read More ->>

ရူပဗေဒ ပါမောက္ခ ဒေါက်တာ စိန်ထွန်း

ရူပဗေဒ ပါမောက္ခ ဒေါက်တာ စိန်ထွန်း
B.Sc. Physics 1966, RASU
Ph.D. X-Ray Crystallography 1973, University of Surrey



Read More ->>

မြန်မာ့တေးဂီတပဒေသာပင်ပွဲကြီး (စင်ကာပူ)


တရုတ်နှစ်ကူး ရုံး ၄ ရက်ပိတ်တာ သွားနာနေတာနဲ့ ဘယ်မှ မသွားဖြစ်ပါဘူး။ စနေနေ့ ၅ ရက်နေ့ကျ တော့ သက်သာတာနဲ့ အဲဒီပွဲကို သွားကြည့်ဖြစ်ပါတယ်။

လက်မှတ်ကဈေးကြီးတာနဲ့ အနည်းဆုံးတန်း ၅၀ တန်းကနေဘဲ ကြည့်ဖို့ ၀ယ်ထားပါတယ်။

Kallang MRT ကို 12း00 လောက်ရောက်ခဲ့ပြီး အဲဒီကနေ ကိုယ်ရယ်၊ ကိုယ့်လက်တွဲဖော်ရယ် ၊ ပြီးတော့ ကိုယ့်သူငယ်ချင်းယောကျာ်းလေးတစ်ယောက် ရယ် Kallang ကနေ ရှိုးကျင်းပမယ့် Singapore Indoor Stadium ကို Taxi ငှားပြီးသွားခဲ့ပါတယ်။


Read More ->>

ဘယ်သူမှန်သလဲ?



မလေးရှားက ဇာတ်လမ်းလေးတစ်ပုဒ် ဖြစ်ပါတယ်။
သူရိန် ဟာ အရမ်းအလုပ်ကြိုးစားတဲ့ လူငယ်တစ်ယောက်ပါ။ မလေးရှားကို လာကတည်းက အလုပ်နဲ့ လာပြီးတော့ သူရဲ့ ကြိုးစားချက်ကြောင့် မလေးရှားမှာ အိမ်ကြီးတစ်လုံး ၀ယ်နိုင် တဲ့ အထိ ချမ်းသာလာခဲ့ပါတယ်။ သူရိန့်မှာ သူ့ငယ်ရည်းစား ခိုင်ခိုင်ဆိုတဲ့ ကောင်မလေးတစ်ယောက် ရှိပါတယ်။ သူရိန်လည်း စီးပွားရေး ပြေလည်လာတာနဲ့ အလျောက် သူ့ရည်းစား ခိုင်ခိုင်ကို မိသားဖသား ပီပီ လက်ထပ်ဖို့ မြန်မာပြည်ကို ပြန်လာခဲ့ ပါတယ်။ ပထမနေ့မှာ မြန်မာ့ရိုးရာ ထုံးတမ်းစဉ်လာ အတိုင်း စုလျား ရစ်ပတ် ဘိသိတ်မင်္ဂလာ ပြုလုပ်ပြီး ဒုတိယနေ့ မှာ ဟိုတယ် မှာ ခမ်းခမ်းနားနား လက်ထပ်ခဲ့ပါတယ်။ ပြီးတော့ သူလည်း သူ့မိန်းမ ခိုင်ခိုင်ကို ခေါ်ပြီးတော့ မလေးရှားကို ပြန်လာခဲ့ပါတယ်။ ၀ယ်ထားတဲ့ အိမ်ကြီး ကလည်း ကြီး လင်မယား ကလည်း နှစ်ယောက်တည်းဆိုတော့ တော်တော်လေး လွတ်လွတ်လပ်လပ် နေလို့ရပါတယ်။ အိမ်က နှစ်ထပ်တိုက်အိမ်လေးပါ။ အပေါ်ထပ်မှာ စာကြည့်ခန်းရယ် ၊ သူရိန်တို့လင်မယားနေတဲ့ အိမ်သာ ရေချိုးခန်းတွဲရက်တစ်ခန်း ၊ ဘုရားခန်းတစ်ခန်း နဲ့ ဧည့်ခန်းကျယ်ကြီး တစ်ခန်းရှိပါတယ်။ အောက်ထပ်မှာတော့ ညအိပ်ညနေ လာလည် ဧည့်သည် တွေအတွက် အိပ်ခန်း နှစ်ခန်း ၊ အိမ်သာရေချိုးခန်းတွဲရက် မီးဖိုချောင်ရယ် ဧည့်ခန်းကျယ်ကြီး တစ်ခန်းရယ် ကို ထည်ဝါစွာ တွေ့နိုင်ပါတယ်။

Read More ->>

သူ....


အချိန် ကား ၁၉၉၇ ခုနှစ် … ဇူလိုင်လ။

နော့်နာမည် အရင်း က မိုးနဒီဦး ပါ။ နော် က မိသားစု ထဲမှာ အငယ်ဆုံး သမီးထွေးလေးဆိုပါ တော့။ အားလုံးက နော့်ကို ငယ်ငယ်လို့ ဘဲခေါ်ပါတယ်။ နော် တို့မှာ မောင်နှမ နှစ်ယောက်တည်း ရှိတာဆိုတော့ အကို ကဘဲ ထမင်းကျွေး အကို ကဘဲသိပ် အဲဒီ အကို ကဘဲ နော့် အ၀တ်တွေ လျော်ပေး နဲ့ အကို့ လက်ထဲမှာဘဲ ကြီးပြင်းခဲ့ ပါတယ်.။ ဖေဖေ နဲ့ မေမေ တို့ ကစီးပွားရေး အတွက်အချိန်ပေးနေရလို့ နော်တို့မောင်နှမ နှစ်ယောက်ကို လှည့်မကြည့်နိုင်ခဲ့ ပါဘူး။ ငယ်ငယ်ကတည်းက အကို နဲ့ဘဲ အနေများလို့ စကားပြော ရင် ကျနော် ကျနော် လို့ ကိုယ့်ကိုယ်ကို နာမ်စားသုံးတာ အကျင့်ပါနေခဲ့ပါတယ်။ အဲလိုနဲ့ ကြာလာတော့ ကျနော် က ‘ကျ’ ပျောက်ပြီး နော် နော် ဖြစ်သွားပါတယ်။

Read More ->>

ဖေဖေ့ဆိုပြခဲ့သော ညအိပ်ရာဝင် တေးတစ်ပုဒ်

ဒီနေ့ စနေနေ့။ စနေ တနင်္ဂနွေ မအားတဲ့ ရက်သတ္တပတ်များလာတော့ ဒီတစ်ရက်လေးနားရတာ ကိုယ့်အတွက်တော်တော်လေး ထူးဆန်းဖြစ်နေပါတယ်။ လက်တွဲဖော်က လည်း အချိန်ပို အလုပ်ဆင်းနေတော့ ကိုယ်တစ်ယောက်တည်း အခန်းထဲမှာ ယောင်ချာချာနဲ့ ပေါ့။ ရုံး အလုပ်ရှိတာကလည်း ပျင်းပျင်းရှိလို့မလုပ်ချင်ပြန်ဘူး။ မနက် ကတော့ မနက်စာ စားဖြစ်ကြတယ်။ ခုတလောက Singapore National Day နီးလာပြီဆိုတော့ သူတို့ရဲ့နိုင်ငံတော်သီချင်း ကို နေရာအနှံဖွင့်ပြီးတော့ National Day Parade အတွက် ကလေးတွေ ကောလူကြီးတွေပါ လေ့ကျင့်နေကြတယ်။ အဲဒါကို ကိုယ့်မေမေက ကြားပြီးတော့ အဲဒီသီချင်းက လာရှိုးသိန်းအောင် ငယ်ငယ်က သီချင်းတစ်ပုဒ်နဲ့ သံစဉ်ဆင်တယ် တဲ့။ အိမ်ရောက်တော့ ကိုယ်လည်း လာရှိုးသိန်အောင် သီချင်း တွေကို YouTube ကနေ နားထောင်ခဲ့တယ်။ အဲဒီမှာ သီချင်းတစ်ပုဒ်ကိုသွားသတိထားမိတယ်။ “လွမ်းဘွယ်” တဲ့ ။ ဖေဖေ က ကိုယ်တို့ငယ်ငယ်လေးတုန်းက ကာတွန်းတွေငှားပြီး အသံထွက်ဖတ်ပြတတ်တယ်။ အဲခါကျ ကိုယ်တို့မောင်နှမတွေက ဖေဖေ့နားကို ခေါင်းလေးတွေတိုးကပ်ပြီး အလုအယက် နားထောင်နေကျ။ ဖေဖေ က ကားတွန်းဇာတ်လမ်းတွေကို အသံနေအသံထား တွေနဲ့ဖတ်ပြတတ်တော့ အရမ်းနားထောင် လို့ ကောင်းတာဘဲ။ ခုထိလည်း ဘုရားစာတွေ ဘာတွေ ဖတ်ရင် အဲလို အသံနေအသံထားနဲ့ဘဲ ဖတ်တတ်တာ။ ညဘက်ဆိုရင်လည်း ဖေဖေ က သီချင်းဆိုပြီးသိပ်တတ်တယ်လေ။ လွမ်းဘွယ် သီချင်းလေးက ဖေဖေဆိုနေကျ သီချင်းလေးတွေထဲက တစ်ပုဒ်ပေါ့။ ငယ်ငယ် ကလေးတည်းက လားရှိုး သိန်းအောင် သီချင်းတွေနဲ့ ရင်းနိးခဲ့ တော့ ခုလည်း အဲဒီသီချုင်းလေးကို နားထောင်ရင်း ငယ်ဘ၀ ကို သတိရမိလို့ အမှတ်တရ ပြန်တင်ပေးလိုက်ပါတယ်။


Read More ->>

နှုတ်ဆက်ပါသည် ဖေဖေါ်ဝါရီ…

သြော် အချိန်တွေကုန်တာမြန်လိုက်တာ။ ရက်တွေတိုက်စား လတွေနှစ်ပြောင်း ခုဆိုရင် ဘာလိုလိုနဲ့ ၂၀၁၀ ရဲ့ ဒုတိယမြောက်လ ဖေဖေါ်ဝါရီ လတောင် တဖြေးဖြေးနဲ့ ကုန်လွန်တော့မှာပါလား။ ဆောင်းရနံ့တွေ ရွေ့ရွေ့ နဲ့ ကုန်ဆုံးပြီး ပူပြင်းလှတဲ့ နွေ ကို ဖိတ်ခေါ် တော့မယ် ဖေဖေါ်ဝါရီ အချမ်းပေါ့ အပူစမ်း ရာသီ ဥတု ကလည်း လူ ကို နေမထိ ထိုင်မသာ ဖြစ်စေပါတယ်။ ညတာ အတို နဲ့ အရှည် ကူးပြောင်းတဲ့ အခိုက်မှာ နှုတ်ဆက် ပါသည် ဖေဖေါ်ဝါရီ။


ဖေဖေါ်ဝါရီလ တစ်လလုံးမှာ ဘာတွေ အမှတ်တရရှိခဲ့လည်းဆိုတာ နဖူးပေါ်လက်တင် စဉ်းစားနေခဲ့ ပါတယ်။ ပြန်စဉ်းစား လိုက်တော့ ဒီဖေဖေါ်ဝါရီ မှာ မြန်မာပြည်ရဲ့ အရေးကြီးတဲ့ အထင်ကရ နေ့တွေကလည်း စုစည်းလို့ နေတယ် ။ ကျွန်တော်တို့ မြန်ပြည် ရဲ့လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းကို သူရဲ့ မိခင်ဒေါ်စုက ၁၃ ရက်နေ့ ဒီလမှာ ဘဲလောကကြီးထဲကို သယ်ဆောင်လာခဲ့တယ်။ မကွေးတိုင်း နတ်မောက်ခရိုင်လေးမှာ ပေါ့။ အဲဒီ တုန်းကတော့မထင်မရှားပါဘဲ။ ဒါပေမယ့် သူရဲ့ ကြိုးစားမှု၊ မျိုးချစ်စိတ်ဓါတ် ရှိမှု၊ တရား မျှတမှု တို့ကြောင့် ကမ္ဘာ့အလယ်မှာ သူ့ကြောင့် မြန်မာလူမျိုးစု ဂုဏ်တက်ခဲ့ ရတယ်။ ဗိုလ်ချုပ်ကပဲ တိုင်းရင်းသားစည်းလုံး ညီညွတ်အောင် ဆိုပြီး ပင်လုံစာချုပ် ကို ဒီ ၁၂ ရက်နေ့မှာဘဲ ချုပ်ဆိုခဲ့လို့ ပြည်ထောင်စုနေ့ လို့ခေါ်တွင်ခဲ့တယ်၊ မြန်မာ ပြည်သူတွေ အတွက် မမေ့နိုင်တဲ့ လမြတ် လေး တစ်လပေါ့။ခုတော့ နှုတ်ဆက်ပါသည် ဖေဖေါ်ဝါရီ.။

မြန်မာပြည်မှာတင်မဟုတ် ကမ္ဘာမှာလည်း ဖေဖေါ်ဝါရီနဲ့ ပတ်သတ်လို့ အထိမ်းအမှတ်နေ့ တွေလည်း ရှိပါသေးရဲ့။ချစ်တက်သူ တွေအတွက်မရှိ မဖြစ်တဲ့ နေ့လေးတစ်ရက်ပေါ့။ ဒီနေ့လေးမှာ ချစ်တဲ့သူချင်း တစ်ယောက်နဲ့ တစ်ယောက်အချစ်တွေကို ဖလှယ်ကြတယ်။ လက်ဆောင်တွေလဲကြတယ်။ ပန်းစည်းတွေပို့ကြတယ်။ ဒီပန်းစည်းတွေ လက်ဆောင်တွေနဲ့ သူတို့ ရဲ့အချစ်ကို ပြသခဲ့ကြတယ်။ ဒီချစ်သူများနေ့ဖြစ်တဲ့ ၁၄ ရက်နေ့ကို အေဒီ ၅၀၀ လောက်က POPE တစ်ယောက်က သတ်မှတ်ပေးခဲ့တာဖြစ်ပါတယ်။
ဖေဖေါ်ဝါရီလဟာ လူထူးလူချွန်တွေ မွေးတဲ့ လလို့ဘဲ ပြောရမလား ။ ဒီဖေဖေါ်ဝါရီလမှာ ဘဲ ဗိုလ်ချုပ်အပြင် နောက်ထပ် လူရည်ချွန်နှစ်ဦးက ကမ္ဘာလောကထဲ ရောက်လာခဲ့တယ။် အဲဒီလူတွေကတော့ အမေရိကန်သမ္မတ ဟောင်းတွေဖြစ်တဲ့ Abraham Lincoln နဲ့ George Washington တို့ဘဲဖြစ်တယ်။ သူတို့မွေးနေ့တွေ ကဖေဖေါ်ဝါရီလမှာဖြစ်ပေမယ့် မွေးရက် မတူကြတဲ့ အတွက် President Nixon က holiday ကို ကြားချပေးတဲ့ အနေနဲ့ ဖေဖေါ်ဝါရီ လတိုင်းရဲ့ တတိယမြောက် တနင်္လာနေ့တိုင်းကို “သမ္မတနေ့ -President day” လို့ ၁၉၇၁ ခုနှစ်မှာ သတ်မှတ်ပေးခဲ့ပါတယ်။

ကဲ ဘယ်လာက် သမိုင်းဝင်တဲ့ ဖေဖေါ်ဝါရီလဲ။ ဒါပေမယ့် ခုတော့လည်း အချိန်ရာသီရဲ့ စေခိုင်းမှုကြောင့် ဒီဖေဖေါ်ဝါရီလည်း ကုန်ဆုံးခဲ့ပြီလေ။ ကိုယ်ကော ဒီလမှာ ဘာတွေလုပ်ခဲ့လည်း။ အကျိုးရှိတာတွေ လုပ်ခဲ့လား ၊ အကျိုးမရှိတာ တွေလုပ်ခဲ့လား စဉ်းစားရင်း ၀မ်းနည်းစွာဖြင့််……….။


နှုတ်ဆက်ပါသည် ဖေဖေါ်ဝါရီ…။



Read More ->>

ထိမ်းမြားမင်္ဂလာ နှင့် ဗေဒင်အတတ်ပညာ

အိမ်ထောင်ရေး ဆိုသည် မှာ လူတစ်ဦးနှင့် တစ်ဦး တစ်မိသားစု နှင့် တစ်မိသားစု ဘ၀တစ်သက်တာလုံး ပေါင်းဖက်ရမည့်အရေးဖြစ်ရ်ျ လွန်စွာမှ အရေးကြီးလှပါသည်။ အိမ်ထောင် ပြုခြင်း မှာ တနည်းအားဖြင့် ထီထိုးခြင်းနှင့်သာ ဆင်တူ သည်။ ကံကောင်းလျှင် မိမိအိမ်ထောင်ဖက် သည် မိမိနှင့်မရခင် ဆိုးပေချင်သလောက်ဆိုးပေရ်ျ မိမိနှင့် ရသော အခါတွင် ကောင်းသွား တတ်ပေ သည်။ ထို့အတူ မိမိနှင့်ရသောအခါတွင်မှ ဆိုးသွားသော အခါများလည်းရှိသည်။ မိမိရဲ့ အထိန်းအကွပ်သည်လည်း အရေးကြီးတဲ့ အပိုင်းမှာပါတာပေါ့လေ။ သို့ပေမယ့် "ရှေးထုံးလည်း မပယ်နဲ့ ဈေးသုံးလည်းမကြွယ်နဲ့ " ဆိုတဲ့ စကားအတိုင်း ရှေးကတွက်ချက်ဖူးတဲ့ အိမ်ထောင်ဖက်ရွေးချယ်နည်းကို မှတ်သားမိသလောက် စုစည်းတင်ပြ လိုက်ပါတယ်ရှင်၊


အိမ်ထောင်ဖက်(အတွင်းမိတ်)
ဥဿာ၊ စိန်ပန်း၊ ဒန်းလှ၊ ကိုရှာ အိမ်ထောင်ဖက် အသက်ရှည်ဖို့ရာ “ ဟူသော လင်္ကာအရ
တနင်္ဂနွေ နှင့် သောကြာ၊ အင်္ဂါနှင့် ကြာသပတေး ၊ စနေ နှင် ဗုဒဟူး ၊ တင်္နလာ နှင့် ရာဟု ( ဗုဒဟူး ညနေဖွား) သားသမီးတို့ သည် အိမ်ထောင်ဖက်များဖြစ်ကြပါသည်။ လက်ထပ်မင်္ဂလာ ပြုသင့်ပါသည်ဟုဆိုပါသည်။
အိမ်ထောင်ရန်ဖက်
ဓမ္မာ ၊ သောက၊ အင်းဝ ၊ရာဇာ အိမ်ထောင်မဖက်ရာ ” ဟူသော စာဆိုအရ စနေ နှင့် ကြာသပတေး၊ သောကြာနှင့် တနင်္လာ၊ ဗုဒဟူး နှင့် တနင်္ဂနွေ ၊ ရာဟု နှင့် အင်္ဂါသားသမီး တို့သည် အများအားဖြင့် လက်မထပ်သင့် အိမ်ထောင်မပြုသင့် ဟု ဆိုထားပါသည်။

သို့သော် ထို အချက် များဖြင့် လူတစ်ယောက် ရဲ့ ဘ၀တစ်ခုလုံးအတွက် မမှန်ကန်နိုင်ပါ။ ထို့ကြောင့် အောက်ဖော်ပြပါ အချက်များကိုလည်း ထည့်သွင်း ဆုံးဖြတ်ရပါမည်။

၁။အိမ်ထောင်နေ့ထပ်
၂။နတ် လူ ဘီလူး (နက္ခတ်)
၃။မင်္ဂလာ ပြုသင့်သောလ
၎။နာမကူရတိုင်းအရ ရွေးနည်း
၅။မွေးရက်နှင့် တွက်ခြင်း


၁။အိမ်ထောင်နေ့ထပ် အဟောအလင်္ကာ
ဂဋုန်အချင်းချင်း မေတ္တာပြင်းရ်ျ ၊ ကျားခြင်းဖက်က ဥစ္စှာရဧ။် ။
သီဟချင်းနေ သောက ပွေ၊ ဆင်နေတူ ကပူလောင်လှ။
ကြွက်ခြင်းတို့မှာ ကိုယ်ချမ်းသာ ၊ ပူးမှာ ဆက်ရေး ကောင်းကျိုးပေး။
စနေချင်းဖက် စီးပွားပျက်သည် မှတ်ဖွယ် လူတို့အိမ်ထောင်တည်း။
အဓိပ္ပါယ်ကတော့
  • တနင်္ဂနွေ သားသမီးအချင်းချင်း အိမ်ထောင်ကျ ပါက ချစ်မေတ္တာ အလွန်ကြီး ရ်ျ အိမ်ထောင် ကြာရှည် ခိုင်မြဲ တတ်ပါတယ်။
  • တနင်္လာ သားသမီးအချင်းချင်း အိမ်ထောင်ကျပါက ပစ္စည်းဥစ္စာ ကြွယ်ဝ ပေါများပါသည်။
  • အင်္ဂါသားသမီး အချင်းချင်းအိမ်ထောင်ကျပါက ပူဆွေးသောက ဗျာပါဒရောက်ပြီး စိတ်ဆင်းရဲမှု အထွေထွေ ကြုံတွေ့ရတတ်ပါသည်။
  • ဗုဒဟူးသားသမီး အချင်းချင်းအိမ်ထောင်ကျပါက ပူပင် ရတတ်ပါသည်။
  • ကြာသပတေးသားသမီး အချင်းချင်း အိမ်ထောင်ကျပါက ချမ်းသာသုခရရှိတတ်ပါသည်။
  • သောကြာသားသမီးအချင်းချင်း အိမ်ထောင်ကျပါက ကောင်းကျိုးပေးတတ်ပါသည်။
  • စနေသားသမီး အချင်းချင်း အိမ်ထောင်ကျပါက စီးပွားရေးပျက်တတ်ပါသည်။

၂။နတ် လူ ဘီလူး(နက္ခတ်)
မိမိရဲ့ မြန်မာမွေးသက္ကရာဇ် ကို (၃) နှင့်စားပါ။

၁ ကြွင်းလျှင် နတ်နက္ခတ်
၂ ကြွင်းလျှင် လူနက္ခတ်
၃ ကြွင်းလျှင် ဘီလူး နက္ခတ်

  • လူ လူ ချင်းထိမ်းမြားမူ ချစ်မေတ္တော ကြီးအံ့။
  • ဘီလူးနှင့် နတ် လက်ထပ်မူ ဘေးရန်ကင်းအံ့။
  • နတ်နှင့် လူ ထိမ်းမြားမူ အေးချမ်းသာယာ အံ့။ (ချမ်းသာပြည့်စုံ အံ့)
  • ဘီးလူးအချင်းချင်း ထိမ်းမြားမူ တန်ခိုးကြီးအံ့။
  • လူနှင့် ဘီလူးထိမ်းမြားမူ ပျက်စီးအံ့။
  • နတ်အချင်းချင်းထိမ်းမြားမူ အသက် ရှည်အံ့။
    *****နံပါတ် (၂) အချက်တွင် လူနှင့် ဘီလူးနက္ခတ် သာ ရှောင်သင့်ပါသည်*****

၃။မင်္ဂလာ ပြုသင့်သောလ
တန်ခူး ကဆုန် နယုန် သီတင်းကျွတ် တန်ဆောင်မုန်း တပို့တွဲ လတို့တွင် လက်ထပ်မင်္ဂလာပြုသင့်ပါသည်။ ကျန်သော ခြောက်လကို ရှောင်ရပါမည်။ ထိုကောင်းသောလတွင် ကောင်းသော နေ့ရက် ကိုရွေးချက်ရ်ျ လက်ထပ်မင်္ဂလာပွဲပြု ပါကအိမ်ထောင်ရေး သာယာစေပါသည်။

တနင်္ဂနွေ အင်္ဂါ ကြာသပတေးနေ့ ပြုပါမင်္ဂလာ ၊ သမီးနှင့်သား ပွားစီးငြားများပြား ၀န်းရံခ။
တနင်္လာ သောကြာ ထိမ်းမြားပါ၊ ဥစ္စာ ပေါကြွယ်ဝ ၊ သမီးကညာ ရံများစွာ ၀န်းလာ မှန်ခယ။
ဗုဒဟူး ၊ စနေ ထိမ်းမြားပေ၊ ရံရွေသား ပုတ္တ၊ နည်းပါးခြံရံ ကိုယ်သည်းခံ မညံတိတ်ဆိတ်လှ။

ရသေ့ ရှစ်သောင်း ဆရာကောင်း မှတ်ကြောင်းမှာခဲ့ကြ ။
နေ့ (၇) ရက်စလုံးမကောင်းသော နေ့ဟူရ်ျ မရှိပါ။
သို့သော် နှစ်အလိုက် လ အလိုက် ပြက္ခဒိန် နှင့် ကျွမ်းကျင်သောဆရာများနှင့် တိုင်ပင်ညှိနှိုင်းလုပ်ဆောင်သင့်ပါတယ်။


၎။နမကူရ တိုင်အရ ရွေးခြင်း
မွေးသက္ကရာဇ် ကို ထောင်ဂဏန်းနှင့် ရာဂဏန်းပယ်ရ်ျ ၅ နှင့် ပေါင်းရပါသည်။ ၄င်းကို ၇ နှင့် ပြန်ရ်ျစားရသည်။ ရသောအကြွင်းကို မဟာဘုတ်တိုင် လကာင်္အရ ထူရပါသည်။

ဥပမာ အားဖြင့် ကိုယ့်မွေးသက္ကရာဇ် သည်
“၁၃၄၂ ခုနှစ် တန်ခူးလဆန်း ၁၀ ရက်နေ့ ” ဖြစ်ပါက

၄၂ + ၅ =၄၇
၄၇ ကို ၇ နှင့် စားပါက အကြွင်း ၅ ရပါသည်။

ပွဲ အောင် လံ ထူ စစ် သူ ကြီး
၅ ၁ ၄ ၇ ၃ ၆ ၂




မဟာဘုတ်တိုင် ထူခြင်းဖြင့် ကိုယ်ဘာဘွား လည်းဆိုတာ ကိုသိရှိနိုင်သည်။ သို့ပေမယ့် ထိမ်းမြားခြင်းနှင့်မ သက်ဆိုင်သည့်အတွက် မဖော်ပြတော့ပါ။

၁ ကြွင်းလျှင် တနင်္ဂနွေ နှင့် တနင်္လာ သားသမီးတို့ကို လက်မထပ်သင့်ပါ။
၂ ကြွင်းလျှင် တနင်္လာနှင့် အင်္ဂါ သားသမီးတို့ကို လက်မထပ်သင့်ပါ။
၃ ကြွင်းလျှင် အင်္ဂါနှင့် ဗုဒဟူး သားသမီးတို့ကို လက်မထပ်သင့်ပါ။
၎ ကြွင်းလျှင် ဗုဒဟူး နှင့် ကြာသပတေး သားသမီးတို့ကို လက်မထပ်သင့်ပါ။
၅ ကြွင်းလျှင် ကြာသပတေးနှင့် သောကြာ သားသမီးတို့ကို လက်မထပ်သင့်ပါ။
၆ ကြွင်းလျှင် သောကြာနှင့် စနေ သားသမီးတို့ကို လက်မထပ်သင့်ပါ။
ဝ ကြွင်းလျှင် စနေနှင့် တနင်္ဂနွေ သားသမီးတို့ကို လက်မထပ်သင့်ပါ။


၅။ မွေးရက်နှင့် တွက်ခြင်း
နေ့ရက် နှစ်ခုကို ပေါင်းပါ။
ဥပမာ သောကြာနှင့် ကြာသပတေး ဆိုပါစို့။
သောကြာ က ၆ ၊ ကြာသပတေးက ၅ ပေါင်းလျှင် ၁၁ ရပါသည်။
ရသော ၁၁ ကို ၅ နှင့် မြှောက် ရ်ျ ရ ဖြင့် စားပါ ။
၅၅ ကို ရ ဖြင့်စားသော် ၆ ကြွင်းပါသည်။

ဝ ကြွင်းပါ ကလုံးဝ မယူသင့်ပါ။ စီးပွားရေးကပ်ဆိုး ဆိုဒ်မည်။
၁ နှင့် ၂ ကြွင်းပါက စီးပွားရေး မှာ မရှိ မရှား အခြေအနေ ဖြစ်သည်။
၃ နှင့် ၄ ကြွင်းပါက စီးပွားရေးမှာ လူတန်းစေ့ စားနိုင်သောက်နိုင် ရ်ျ မတောင့်တရသော ဘ၀ကို ရမည်။
၅ နှင့် ၆ ကြွင်းပါ က ချမ်းသာ ကြွယ်ဝမည်။

အထက်ပါနည်းများထဲမှ တနည်းသာ မကောင်းဘဲ ကျန်တဲ့နည်းများနှင့် ကောင်းလျှင် အိမ်ထောင်ပြုနိုင်ပါကြောင်းအကြံပေးချင်ပါသည်။
အိမ်ထောင်ပြုသည်မှာဘ၀ တစ်သက်တာ ကိစ္စ ဖြစ်ရ်ျ သေချာတွက်ချက် စိစစ်ပြီးမှ ပြုသင့်ကြောင်း စေတနာ ထားရ်ျ ကိုးကားစာအုပ်ထဲများမှ လေ့လာမှတ်သားမိသလောက် ရေးသားတင်ပြထားပါသည်။

**ပုံကို ဒီက ကူးယူဖော်ပြပါတယ် **


Read More ->>

လက်တွေ့ဘ၀တွင် အသုံးကျသော အသိတရား

သတိ စေတသိတ် သည် ကျွန်တော်တို့ သတိမပြုမိသော ကိုယ်ပိုင် စွမ်းအားတစ်ရပ် ဖြစ်သည်။ သတိဟူသော အရာသည် မိမိနှင့်အတူ တကွ ရှိနေကြသော စေတသိတ် တို့ကို အာရုံ တွင် ကပ်ေ၇ာက်စေရ်ျ အာရုံ ကို အမှတ်ရစေခြင်းသဘောဖြစ်သည်။

လက်တွေ့ဘ၀ လောကီေ၇းရာ ဘ၀တွင်လည်း သတိ ရှိဖို့မှာ အလွန်အမင်း အရေးကြီးလှ ပါသည်။ ဥပမာအားဖြင့် အလုပ် ကိစ္စဖြင့် အရေးကြီးတဲ့ လုတစ်ယောက်ကို တွေ့ဆုံရတဲ့ အခါ သူ့ရဲ့ နာမည် ကို ကိုယ် က သတိပေါ့လျော့စွာ မှတ်သား ထားပါက မေ့သွားတတ်ကြပါတယ် ။ သူ့အမည်ကို ပြန်ခေါ်ချင်တယ် ပြန်ခေါ်ရ်ျ မရတော့ပါ။

ကျွန်တော်တို့ အလုပ်ခွင်မှာလည်း အထက်ကပြောသည့်စကား များကို ဂရုတစ်စိုက်နားမထောင်ပါက သူဘာလုပ်ခိုင်းလည်း ဆိုတာကို ကြား ပဲကြားနိုင်ပါတယ်။ဘာလုပ်ရမယ်မှန်းကို ကားမသိ။ထို့အတွက် ဘယ်အခါ မဆို သတိတရား ရှိဖို့ ကားလိုအပ်ပါတယ်။

မဟာသတိပဋ္ဌာန် ၀ိပဿနာရှူမှတ်ခြင်းဆိုသည်မှာ မြင်တိုင်း၊ ကြားတိုင်း ၊နံတိုင်း ၊စားတိုင်း၊ ထိတိုင်း၊ သိတိုင်းမှာ အမှတ်သတိကပ်ပြီး သိအောင် ရှူမှတ်ရသော အလုပ်ဖြစ်သည်။

သတိဖြင့်စေတသိတ် တို့ကို အာရုံတွင် စွဲကပ်ထားသည့်အခါ စိတ်သည်မပျံ့လွင့်၊ စိတ်မပျံ့လွင့် လျှင် သမာဓိဖြစ်လာပါသည်။ သမာဓိဖြစ်လျှင် ထိုးထွင်းသိမြင်နိုင်ဧ။် ထိုးထွင်းသိမြင် ခြင်းသည် ပညာဖြစ်သည်။ ပညာဖြင့်မသိ မိုက်မဲ့မှုဟူသော မောဟအမှောင်ကို ဖြိုခွင်းနိုင်သည်။ မောဟ ကင်းစင်သွားလျှင် သန္တိသုခ ဟူသော ထာဝရငြိမ်းချမ်းမှုကိုရနိုင်သည်။

ထို့ကြောင့်ဝိပဿနာ အလုပ်သည် သတိဦးဆောင်သည့်အလုပ်ဖြစ်ပြီး အကြီးကျယ်ဆုံးသော အကျိုးကျေးဇူးကို ဖြစ်ထွန်းစေသည့် အလုပ်လည်းဖြစ်ပေသည်။

စိတ်ကို ညစ်ညူးပူလောင်စေသည့် လောဘ ၊ဒေါသ ၊မောဟ စသော ကိလေသာ အညစ်အကြေး အားလုံးကို ၀ိပဿနာရေစင်ဖြင့်သာလျှင် ဆေးကြော သုတ်သင်နိုင်ဧ။်။
ထို့်ကြောင့် ၀ိပဿနာ အလုပ်ကို ပျင်းခြောက်ခြောက်အလုပ်ဟု မသတ်မှတ်ဘဲ အကျိုးကျေးဇူးအများ ဆုံးပေးသောအလုပ်ဟု သဘောပေါက်ရ်ျ အနည်းဆုံးတစ်လ ကြာမျှ ရှူမှတ်နိုင်အောင် ကြိုးစားကြပါကုန်။

(ဒေါက်တာမင်းတင်မွန်ရေးသော တော်ကူးဆရာတော် ဘ၀ဆည်းဆာနှင့် ကျင့်စဉ်တရားတို့ မှ ကောက်နှုတ်ဖော်ပြထားပါသည်။ )

ဘာသာရေးနှင့် သက်ဆိုင်သော ပို့စ်မှာ ရေးသားနိုင်အောင် လေ့လာနေပါသည်။
Read More ->>

စာဖတ်သူ များအားတောင်းပန်ခြင်း(မေတ္တာ)

ခုဘဲ ရန်ကုန်ကို ဖုံးဆက်မေးခဲ့ပါတယ်။ မေတ္တာသတင်းကို ။။။

မဟုတ်ဘူး တဲ့။မေတ္တာ တော့မေတ္တာ ဘဲ။ ဒါပေမယ့် လူရွှင်တော် မေတ္တာ မဟုတ်ပါဘူးတဲ့ဗျာ။

ဇာတ်ထဲကလို့ ပြောပါတယ်။ သတင်းအမှားတင်မိတဲ့ အတွက် အားလုံးကို အနူးညွတ်တောင်းပန်ပါတယ် ။

အဲဒီ ပို့စ်ကို လည်းဖြုတ်လိုက်ပါပြီနော်။

သူမသေတဲ့အတွက် လည်းဝမ်းသာမိပါတယ်ဗျာ။
Read More ->>