အမှတ်တရ နာမည်လေး

ပထမဆုံး တဂ်ခံရလို့ ရေးရမယ့်ပို့စ် လေးပါ။တဂ်ပေးလိုက်တဲ့ နွေး ကိုလဲကျေးဇူးတင်ပါတယ်။

ဘလော့ခ်စလုပ်မယ်ဆိုတော့ သိတဲ့အတိုင်း အရင်ဆုံးစဉ်းစားရတာက ကိုယ့်ဘလော့ခ်ရဲ့

နာမည်ကို ဘယ်လိုပေးရင်ကောင်းမလဲလို့လေ။ကိုယ့်နာမည်အရင်းကလည်း နွေး တို့လို

မလှပခဲ့လေတော့ တော်တော်လေးခေါင်းရှုပ်ခဲ့ရတယ်။ အဲဒါနဲ့ပဲ ကိုယ့်နဲ့ရင်းနှီးနေတဲ့

ဒီမျက်မှန်လေးဆိုတဲ့ နာမည်ကိုပေးဖို့ရွေးချယ်လိုက်တာ။ မျက်မှန်လေးဆိုတာက ကိုယ်နဲ့

ကိုယ့်မမက ကိုယ့်ရဲ့လက်တွဲဖော်လေးကိုပေးထားတဲ့ nick နာမည်တစ်ခုပါ။

ကိုယ်တို့နှစ်ယောက်စကြိုက်ကတည်းကိုက ကိုယ့်မမကို ကိုယ်တို့အကြောင်း

အကုန်ပြောပြထားတယ်။( အွန်လိုင်းကနေ တွေ့တယ်လို့တော့ မပြောဘူးပေါ့နော်။ မမသိရင်

မိန်းကလေးဖြစ်ပြီးတော်တော်အိနြေ္ဒ မဲ့တယ်လို့ပြောမှာစိုးလို့ ဟီးဟီး)။ဒီပို့စ်တွေ့ရင်လဲ

မမရေဆော်ရီးနော်။ သူကကိုယ်နဲ့စတွေ့စတုန်းကဘဲဥပုံမျက်မှန်လေး နဲ့။

ဒါကြောင့်မျက်မှန်လေးလို့သူ့ကိုနာမည်ပေးဖြစ်သွားတာပါ။ပြီးတော့ ကိုယ်က ၁၀ တန်း

လောက်ကတည်းက မျက်မှန်အရမ်းတပ်ချင်တာ။ မျက်မှန်လေးနဲ့ဆိုရင် ဘာပဲဖြစ်ဖြစ်

စာဂျပိုးလေးလိုလို ဘာလိုလို သိပ်ဖြစ်ချင်တာ။(ပုံကမတူတော့ ခက်တယ်း)။ ဒါပေမဲ့ ကုသိုလ်

ကံကကောင်းချင်တော့ ပါဝါနည်းတဲ့မျက်မှန်တောင်တပ်စရာမလိုလောက်အောင်ကို

ကောင်းတယ်။ အခုတော့ကိုယ့်ဆန္ဒပြည့်ဝပြီပဲ ပြောရမလား မသိဘူး။ မျက်လုံးက

နဲနဲအောင့်လာတော့ မျက်မှန်တပ်လိုက်ရတယ်။ပါဝါက ၂၅ ကြီးများတောင်။ မရီရဘူးနော်။

တပ်လိုက်ချွတ်လိုက်နဲ့ပေါ့နော်။ ကိုယ်ကမျက်မှန်မတပ်ရတော့ မျက်မှန်လေးတွေနဲ့

ကောင်လေး တွေကောင်မလေးတွေဆိုရင် အရမ်းသဘောကျတယ်။အဲဒါကတစ်ချက်ပေါ့နော်။

နောက်တစ်ချက်ကျတော့ မျက်လုံးမှုန်နေတဲ့ သူများ မျက်မှန်တပ်လိုက်လို့

မျက်စိကြည်သွားသလို၊ ကိုယ့်ဘလော့ခ်လေးကို ၀င်ကြည့်ရင် သူများကို

အကျိုးပြုတဲ့စာလေးတွေ၊ကြည်နူးစရာလေးတွေ ဖတ်ပြီး နောက်ကျိနေတဲ့ စိတ်များ

ကြည်လင်လန်းဆန်းကြည်နူးပါစေရယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီမျက်မှန်လေးဆိုတဲ့

နာမည်လေးပေးဖြစ်တာပါ။(စကားကြီး စကားကျယ်တွေပြောနေမိလို့ အမြင်စူးရင်

ခွင့်လွှတ်ပါနော်း)

ဤတွင် မျက်မှန်လေး ကင်းပွန်တပ် အစီအစဉ်ပြီးဆုံးပါပြီရှင်။

ကြွရောက်ပြီး မျက်စိအညောင်းခံ ဖတ်ပေးကြတဲ့ ဂုဏ်သရေရှိ ဧည့်ပရိသတ်အပေါင်းကို

ကျေးဇူးအထူးတင်ရှိပါကြောင်း။

5 comments:

နွေးနေခြည် said...

နွေးလည်း လေးလုံးပဲ ... မျက်မှန်မပါရင် မြင်ကို မမြင်ရတာ... မျက်မှန်လေးကတော့ နွေးအတွက် မရှိမဖြစ်ပဲ ... နွေးရဲ့တကယ့်မျက်မှန်လေးကို ပြောတာနော်..း)

Anonymous said...

အစကမြူးလဲတဂ့်မလို့ ပါပဲ
နာမည်လေးထူးဆန်းနေလို့ လေ
အင်းးးးးးးးးးးစိတ်ကူးကောင်းတယ်နော်
နောက်ဆိုမှတ်ထားရမယ်

ThuHninSee said...

အစ်မလဲ မျက်မှန်လေးနဲ့ပဲ။ မချစ်ဘူးလား။ ဟားဟား
:D

ဝက်ဝံလေး said...

ဟဟဟ မမရေ ညီမလဲ မျက်မှန်တပ်တယ်ဗျိုးးးး အကောင်းပြောတာ မမရ ဟိုးတခါတုံးက မျက်မှန်ပျောက်တုံးက လူကိုဆို ငိုချင်ရောပဲ အဲဒီ မျက်မှန်ပျောက်တဲ့ ကိစ္စရေးမယ် ဘလော့ဂ်မှာ မမကို အားကျလို့ (အဟ ဘာမှလဲ အဆိုင်ဘူး အသိဘူး ဆိုင်ဆိုင် မဆိုင်ဆိုင် ပြောမှာပဲ ) ဒါဗြဲ နော် မမ မအားလို့ မလာနိုင်တာ စိတ်ကတော့ သတိရသားမမ ရ

Anonymous said...

ဟုတ်တယ် ဘလော့နာမည်စစချင်းတွေ့တုန်းကဆို တော်တော်ထူးဆန်းနေတာ .. အဲ့တုန်းက ဘလော့ကို ရောက်လာတော့လည်း ဘလော့ဒီဇိုင်းက ဒီလို ဟုတ်ဘူးလေ .. နေကာမျက်မှန်ခေါ်မလား ဘာလား မျက်မှန်လေး တစ်လက်ချလို့ ... အသွင်ကလည်းဆန်း နာမည်လေးကလည်း ပေးထားတာ ဆန်းတော့ သိချင်နေတာ ခုတော့ တိသွားပီ .. စိတ်ကူးကောင်းတဲ့ မျက်မှန်တစ်လက်ရဲ့ ရာဇဝင်ကို သဘောကျမိပါတယ် မှန်လေးရေ ... :)